Jan 18, 2010


"အလွမ်း တယ်လီဖုန်း"

ကောင်မလေးရေ.....
ငါဟာ.... အချစ်ဆိုတာကို မသိ
အမုန်းဆိုတာ မရှိဘူးဆိုရင်
မင်းယုံမလား
ငါဟာ.... လွမ်းဆွေးချင်း ဆိုတာကို
အခုထိ ခံစားနေရတယ်ဆိုရင်
မင်းရယ်(ရီ)နေမလား
မင်းဟာ.... ငါ့ကို အလွမ်းတွေပေးတဲ့
ငါ့ရဲ့ အလွမ်းနတ်သမီးဆိုရင်
မင်းဝန်ခံမလား
တယ်လီဖုန်းထဲက
ချိုမြိန်တဲ့ အသံတွေပေး
မေးခွန်းတွေမေးပြီး
ခင်မင်ပါရစေ...မိတ်ဆက်
ငါ့ကိုခဏတာနဲ့ မေ့သွား
အလွမ်းတွေကို ဝေအောင်ပြုတဲ့
ကောင်မလေးရေ......
မင်းရဲ့ဖုန်းခေါ်သံလေးကို
ဒီနေ့ဒီအချိန်ထိ
မျှော်နေတယ်ဆိုရင်......။

အန်(န်)စလင်း

No comments: