Jan 19, 2010


"ဘလော့ဂ်ဂါစောင့် နတ်မင်း အတွက်"

လောကမှာ အမှားကင်းသူဟူ၍မရှိပါ။အမှားနဲ့ကင်းအောင် ရှင်းအောင်နေနိုင်သူလည်းမရှိပါ။ထိုသို့သောကြောင့် ကျွန်တော်၏ဘလော့ဂ်ထဲတွင် အမှားတစ်စုံတစ်ရာ ရှိနေမည်ဆိုတာ သိပါသည်။သို့သော် ထိုအမှားကို ကိုယ်တိုင် မြင်နိုင်သည့် အစွမ်းလည်း ကျွန်တော့်မှာမရှိပါ။ထို့ကြောင့် ကျွန်တော့်ဘလော့ဂ်ထဲသို့ ဝင်ရောက် အားပေးခံစားပေးကြသောOn Line သူငယ်ချင်းများကို မှားတာရှိရင်ခွင့်လွှတ်ပေးပါ အမြင်မတူလျှင် ဆွေးနွေးနိုင်ပါသည်။ကျွန်တော်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ သိက္ခာအရ ထိခိုက်အောင်မလုပ်ခဲ့ပါ လုပ်လည်းလုပ်မည်မဟုတ်ပါ။သို့ပေမဲ့ "ဘလော့ဂ်ဂါစောင့်နတ်မင်း"ဆိုသူတစ်ဦးမှ ကျွန်တော့်အား သိက္ခာအရ ထိခိုက်အောင်ပြုလုပ်ခဲ့သည်။"စိတ်ရှည် သီးခံ ဇွဲစိတ်သန် ပြုရန်သာသနာ"ဆိုသည့်ဆောင်ပုဒ် ရှိပါသည်။သို့သော် ကျွန်တော်သည် ယခု သာသနာပြုနေသူမဟုတ်ပါ။
ဘလော့ဂ်တစ်ခုစပြီးတည်ပြီဆိုတာနှင့် ကိုယ့်ရဲ့ဘလော့ဂ်ကို တခြားဘလော့ဂ်ဂါတွေ စိတ်ဝင်စားအောင် မိမိဘလော့ဂ်၊မိမိခံစားချက်၊မိမိအတွေးအမြင်၊မိမိဗဟုသုတတွေကို စေတနာထားပြီးတင်ပြထားတတ်ကြတာ ဘလော့ဂ်ဂါတိုင်းပါ။ဘလော့ဂ်ထဲမှာပါတဲ့ စာကြောင်းလေးတစ်ကြောင်းရဲ့ အမှားကိုကြည့်ရုံမျှနှင့် ဒီလူဟာ ယုတ်ညံ့သလား၊ရိုင်းစိုင်းသလား၊စကားပြောယဉ်ကျေးသလားဆိုတာကို ခန့်မှန်းရနိုင်သလား မိမိစိတ်နဲ့နှိုင်းပြီး ထင်ချင်ရာထင် ပြောချင်ရာပြောလို့ရပါသည် "ဘလော့ဂ်ဂါစောင့်နတ်မင်းရေ"။
"အဖျက်"ဆိုတာ နေရာတိုင်းမှာရှိတယ်ဆိုတာ သိပါတယ်။အဲဒီလို အဖျက်ရှိမှ တစ်ဘက်ကလည်းတိုးတက်တာမဟုတ်လား အင်း အဲဒီအတွက်တော့ ခင်ဗျားကို ကျေးဇူးတင်ပါတယ်။"ပြောချင်တာပြော"ဆိုတဲ့ c-box ခေါင်းစဉ်ကို ခင်ဗျားကဘယ်လိုတွေးမိလို့ ရိုင်းတယ်ဖြစ်သွားရတာလည်း။ပြောချင်တာပြောဆိုတဲ့အတိုင်းပြောကြည့်တာတဲ့ ဟုတ်ကဲ့ အဲဒါကို လက်ခံပါတယ်။ကျွန်တော်က စကားပြောရိုင်းတယ်လို့ ခင်ဗျားက ဘာကိုကြည့်ဝေဖန်တာလဲ၊ခင်ဗျားကိုလည်း ကျွန်တော်မသိဘူး ခငိဗျားနဲ့ကျွန်တော်လည်းရင်းရင်းနှီးနှီး မပေါင်းသင်းပါဘူး ခင်ဗျားက အကြားအမြင်ဆရာလား
ဒါဆိုလည်း ခင်ဗျားဘလော့ဂ်ထဲမှာအကြားအမြင်နဲ့ဗေဒင် ဟောစားပါလား ဧကန်မုချ လွဲစေရမယ်လို့ ကျွန်တော့်ဘလော့ဂ်ထဲမှာ အခမဲ့ကြေငြာပေးလိုက်မယ်။ကျွန်တော်ဟာ စာရေးကောင်းသူစာရေးဆရာတစ်ယောက်မဟုတ်ပါဘူး ဝါသနာအရ မိမိခံစားချက်၊အတွေးအမြင်၊ဗဟုသုတတွေကို ရေးဖွဲ့နေသူပါ ဒီဘလော့ဂ်ထဲမှာ ခင်ဗျားအတွက်ကြေငြာပေးတာ မလုံလောက်ရင် ကျွန်တော့်စာမှုလေးတွေရံဖန်ရံခါ ပါတတ်တဲ့ ရယ်စရာ စာစောင်ထဲမှာလည်းကြေငြာပေးဦးမယ်နော။"ဘလော့ဂ်ဂါစောင့်နတ်မင်း"တဲ့ ဘလော့ဂ်မှာ ဘာတွေစောင့်တာလဲ?စောင့်တာကျွမ်းကျင်တယ်ဆိုရင်လည်း နေ့စောင့် ညစောင့် အလုပ်ပဲ ရှာလုပ်ပေါ့ လခ ကောင်းမှာပါ။"ပြောချင်တာပြော"ဆိုတဲ့ C-box ထဲမှာ Link တောင်မှပေးမသွားရဲဘူးဆိုတော့ ဘယ်လိုတွေးလို့ ဘယ်လိုယူဆရမလဲ မသိဘူး။"ဘလော့ဂ်ဂါစောင့်နတ်မင်း"ကိုအကြံဥာဏ်လေးပေးပါရစေ......
ဂျောက်ဂျက် သီချင်းစာသားတွေထဲကလို..."မင်းဝတ်သင့်တာက ဘော်လီတွေ"။"ခါးကြားက ပုဆိုးကိုလိပ်ပြီး ထမီကိုဝတ်ထား"။"မကျေနပ်ရင်တော့xxxလှည့်"လို့နော။
"အရှင်ဘလော့ဂ်ဂါစောင့်နတ်မင်းကြီး ကျွန်တော့်လို မလိမ်မိုးမလိမ်မာလေးကိုဗွေမယူပါနဲ့ ကျွန်တော့်အိမ်မှာ ခြံစောင့်မရှိလို့ အရှင့်ကို ခြံစောင့် လုပ်ခိုင်းမိပါတယ် ကျွန်တော်လို အမိုက်အမဲလေးကို ခွင့်လွှတ်ပါ""အောင်မာ ငါ့ကို ခြံစောင့်လို့ စွပ်စွပ်စွဲစွဲ""ဘလော့ဂ်ဂါစောင့် နတ်မင်း ဆိုတာ ခင်ဗျားလား""အေး မင်းတောင့်တလွန်းလို့ ငါကိုယ်ထင်ပြရတာကွ ကိုယ့်ဘာသာကိုယ် မှားတာလေးတစ်ခုနဲ့ ငါ့ကို ခြံစောင့်လို့ ပြောတာ ငါနဲ့ဘာဆိုင်လို့လဲ ငါက ခြံစောင့် မဟုတ်ဘူးကွ""အဲဒါဆို ဘာကို စောင့်တာလဲ?""အေး ငါစောင့်တာ အိမ်သာကွ အိမ်သာ"

မှတ်ချက်။ ။ကျွန်တော်၏ စာသားများ ရိုင်းသွားပါသည် On Line ပေါ်က သူငယ်ချင်းများအားလုံးကို တောင်းပန်ပါသည်။သို့သော် "ဘလော့ဂ်ဂါစောင့် နတ်မင်း"ကလွဲလို့။

No comments: