Dec 23, 2009





“ဒီဇင်ဘာ(၂၅)မှသူငယ်ချင်းသို့”

ဆောင်းနှင်းတွေဝေ သဇင်တွေဖူး
ဒီရာသီထူး
အေးချမ်းမှုများ ခံစားကြရင်း
မင်းနဲ့အတူ ပျော်ဖူးခဲ့တယ်။
မင်းရဲ့ဘာသာ ခရစ်ယာန်မှာ
မင်းပြောနေကြ စကား အဲဒါ
အဖဘုရား ပေးသနားတာတဲ့။
ဘုရားကျောင်းမှာ တိုင်တည်ဆုတောင်း
ပျော်ရွှင်မှုအပေါင်း ပြည့်ဝစေဖို့
ငါ့ လက်ကိုတွဲ ခိုင်မြဲသစ္စာ
ဆုတောင်းစကား ငါမမေ့ရန်
မင်းမှာခဲ့တာ
2003 ရဲ့Christmas မှာ။
ခရစ်တော်မှာ အိပ်ပျော်နေတဲ့
သူငယ်ချင်းရေ.......
နှစ်တွေ ကြာခဲ့ပေမဲ့
တို့နှစ်ယောက်ရဲ့ ကတိတွေ
မန်ယူဘောလုံးပွဲ ကြည့်ရတိုင်း
ခရစ္စမတ်နေ့တိုင်း သတိရနေတယ်။ ။ ။

အန်(န်)စလင်း
23.12.2009
မှတ်ချက်။ ။ဘယ်တော့မှ မေ့လို့မရတော့တဲ့။မန်ယူဘောလုံးအသင်းကို စွဲစွဲမြဲမြဲ ကျွန်တော်နဲ့အတူ အထက်တန်းကျောင်းသားဘဝတည်းက အားပေးခဲ့သော ခရစ်ယာန် ဘာသာဝင် သူငယ်ချင်း တစ်ယောက်အတွက်။

No comments:

Search