Dec 22, 2009




“သူငယ်ချင်း တွေဆိုတာ”


ဒီနေ့ မင်းနဲ့ငါ ခင်ခဲ့ကြတယ်
ဒါပေမဲ့ မင်းနဲ့ငါ လူမျိုးခြားတွေ
အစ္စလာမ်နဲ့ဗုဒ္ဓ ခရစ်ယာန်နဲ့ဟိန္ဒူ
ဒါတွေဟာ လူတွေပါ။
သို့ပေမဲ့ မင်းကိုငါ ခင်ပါတယ်
ကိုးကွယ်ရာ ဘုရားသခင်
ယုံကြည်ရာအမြင် ကွာခြားနေပါစေ
ငါ့စိတ်တွေ ပြောင်းမသွားဘူး
အဖြူနဲ့အမဲ
အသားရောင်တွေ ကွဲပြားလဲ
ဒါတွေဟာ လူတွေပါ။
ဂုဏ်ပကာသန မာန်မာန မရှိပဲ
အသက်ရှင်ဆဲထိ
မင်းနဲ့ငါ သူငယ်ချင်းပါပဲ။

အန်(န်)စလင်း
24.07.2007

No comments:

Search