Dec 20, 2009



သခင့်ဆီသို့


သခင်.....
အသစ်ကိုမြင်လို့ အဟောင်းကိုစွန့်
နွန့်ပြီးကာမှ။
သခင်....
အကြင်နာနဲ့ ထွေးပိုက်
ရင်ဝယ်ပိုက်လို့
အကျွန့်ကို လိုတရစေခဲ့။
သခင်...
ခွင့်လွှတ်ပါလို့မဆို
ပိုလို့တောင် မိုက်တဲ့
အကျွန်မိုက်ကို
သံယောဇဉ် မကုန်
ဂရုစိုက်ခဲ့တာကို
သခင်....
နောင်တ ဝေဒနာ
ရင်မှာ အပြည့်
မြေ့မြေ့ ခံစား
အကျွန်သားကို
လက်ကမ်းကြိုလင့်ခဲ့ရင်
သခင့်ဆီ အပြေး ပြန်လာပါရစေ
သခင်....

အန်(န်)စလင်း

No comments:

Search