Dec 23, 2009



“အသင့်”

မမေ့ပါနဲ့နော်
အချိန်ပြည့်လို့ လူစားလဲရင်
မင်းရဲ့ဘေးမှာ......
စုံမက်လို့ ဆင်မြန်း
အယုံခက်လို့ မလှမ်းချင်လည်း
မင်းစိတ်အလိုကျ.....
လာပါလို့ ခေါ်လိုကခေါ်
ပြန်ပါလို့ စေလို့ကစေလဲ
ကျေနပ်နေဆဲ......
မင်း မကြည့်လို့ပါ
ရင်တွင်း မချိဝေဒနာ
ခြွေမချလဲ ကြွေပြဝံ့သူလေ....
မင်းအလိုကျသုံး
မလိုလို့ မုန်းလဲ
ကြွေဝံ့သူ ငါဟာ
မင်းအတွက်သာ
အသင့်သူပါ။ ။

အန်(န်)စလင်း

No comments:

Search