Dec 22, 2009


“စေတနာစကားများ နားမှာ မခါးသင့်ပါ”

“က”မှ“အ” အက္ခရာ
နောမကြေသေးပဲနဲ့
ဒီအတိုင်း ရှေ့ဆက်သွားသင့်သလား
သင်ယူရင်း ရှေ့ဆက်သွားသင့်သလား
ကိုယ့်သမိုင်း ကိုယ်တိုင်ရေးတဲ့သူတွေချည်းပါပဲ။
အချိန်မီ.... နောင်တမရခင်
ပြန်စမ်းစစ်ကြည့်သင့်တယ်
တစ်ဘက်တည်း ကြည့်တဲ့သူတွေ
တစ်ဘက်တည်း မြင်တဲ့သူတွေ
တစ်လမ်းတည်း သွားတဲ့သူတွေ
တစ်လမ်းတည်းပဲ သွားတတ်တဲ့သူတွေ
“မှန်”လိုလူမျိုးနဲ့ မကြုံမိစေချင်ဘူး။
အဆိုးနဲ့အကောင်း
ရန်သူနဲ့မိတ်ဆွေ
ချစ်သူနဲ့မုန်းသူ
ဆန့်ကျင်ဘက်အရာတွေတောင်
တခါတရံမှာ ညီမျှခြင်းချသွားတတ်တာပဲ...
လောကနိယာမ တရားတွေထဲမှာ
ငါတို့တွေ ရုန်းကန်နေသမျှ
အပူအအေး မမျှတစရာ မရှိပါဘူး
အဲဒီအခါ....
“ဆရာသုမောင်”ပြောသလို
မိမိကျေးဇူးကို မေ့ပြစ်ပြီး
သူတစ်ပါး ကျေးဇူးကို ဘယ်တော့မှ မမေ့ပါနဲ့ သူငယ်ချင်း......။

အန်(န်)စလင်း
24.09.2008

1 comment:

ညလင်းအိမ် said...

လောကနိယာမ တရားတွေထဲမှာ
ငါတို့တွေ ရုန်းကန်နေသမျှ
အပူအအေး မမျှတစရာ မရှိပါဘူး..


အဲဒီစာသားကို ကြိုက်တယ်ဗျာ...
ကဗျာလေးကောင်း၏...

Search