Dec 18, 2009


“တို့မြန်ပြည်သား တိုးတက်ပုံများ”

ရွာမှာဆို.....နေညိုညို လှည်းလမ်းတစ်လျှောက်
ဖုန်လုံးကြီးက တလိမ့်လိမ့် တရုပ်ဘီးတွေ တရွေ့ရွေ့
မြို့မှာဆို....ဒီလိုအချိန် ပေတရာလမ်းဘေးတလျှောက်
လဘက်ရည်ဆိုင်တွေကအပြည့် သီချင်းသံတွေကတငြိမ့်ငြိမ့်
ကျဉ်းမြောင်းလာတဲ့ ကမ္ဘာကြီးထဲ
စာဥတို့ တရုပ်ဘီးစီး
သာအေးက ရက်(ပ်)ပင်ရွတ်
ချက်ကြီးက နိုင်ငံခြား
ဖိုးစည်က ဘောလုံးပွဲကြည့်
ဒို့မြန်ပြည်ကြီးတိုးတက်ပုံများ..........
လီရောင်ဂျေးနဲ့ဂျူမုံ ဆို စာဥရင်မှာ လှိုက်လှိုက်ဖို
ကမ္ဘာတွေပြိုမိုးတွေရွာချ ရက်ပင်ရွတ်တဲ့သာအေးဟ
၁(လ)မှာ(၂)သိန်း ၁နှစ်မှာ၂၄သိန်း
ချက်ကြီးရဲ့တွက်ကိန်း
မန်ယူ ချဲ(လ်)ဆီး အောက်ကြေးကောင်းသည်
ဖိုးစည်အသံပင်ဖြစ်လိမ့်မည်
ဂလိုဘယ်ခေတ် အိုင်တီခေတ်မှာ
ကိုရီးယားစကား စာဥပြောသည်
J-me Sai Sai သာအေးသိသည်
မလေးရှား ကိုရီးယား ချက်ကြီးသွားမည်
2010 ကမ္ဘာ့ဖလား တောင်အာဖရိက အိမ်ရှင်ဆိုတာ
ဖိုးစည် ချက်ချင်းဖြေနိုင်သည်
ဒို့မြန်ပြည်သား တိုးတက်ပုံများ.........
..... ...... ..... ...... ...... ........ ........
လွတ်လတ်ရေးနေ့သူတို့မသိ
ကိုရီးယားကား လာတာ စာဥသိသည်
ရဲလေးသီချင်း သာအေးသိသည်
နိုင်ငံခြားအကြောင်း ချက်ကြီးသိသည်
ချန်ပီယံလိ(ဂ်) ဘယ်နေ့ ဖိုးစည်သိသည်
ဗိုလ်ချုပ်မွေးနေ့ သူတို့မသိ
ချစ်သူများနေ့ စာဥသိသည်
Sai Sai မွေးနေ့ သာအေးသိသည်
နိုင်ငံခြား သွားဖို့ ချက်ကြီးသိသည်
ဒိုလေး မွေးနေ့ ဖိုးစည်သိသည်
အာဇာနည်(၉)ဦး သူတို့မသိ
ကိုရီးယားမင်းသား စာဥသိသည်
Hip Hop Rapper သာအေးသိသည်
မလေးရှား ကိုရီးယား ချက်ကြီးသိသည်
ထောင်သောင်းမကဘောလုံးသမား ဖိုးစည်ချက်ချင်းဖြေနိုင်သည်
ဪ.......ဒို့မြန်ပြည်သား တိုးတက်ပုံများ

အန်(န်)စလင်း
29.06.2009 Malaysia

No comments:

Search