Dec 18, 2009


ကျားသနားမှနွားချမ်းသာမယ်

မိန်းမ ဆိုတဲ့ဝေါဟာရနဲ့ ပက်သက်ပြီိး ယောင်္ကျားသားတွေဟာ အမျိုးမျိုး ပြောင်းလဲသွားကြတယ်။
တချို့ယောင်္ကျားသားတွေဟာ ဝါဂွမ်းလေးလို နူးညက်သွားကြတယ်၊တချို့က ရက်စက်တတ်လာတယ် တချို့ဟာသိမ်ငယ်သွားကြတယ်။မိန်းမနဲ့ပက်သက်ပြီးတချို့ယောင်္ကျားတွေဟာ မိန်းမဆိုတာကိုတန်ဖိုးထားမြတ်နိုးခဲ့ကြတယ်၊တချို့ဟာ ဖြုန်းတီးပြစ်ကြတယ်၊တချို့ဟာ ပေး ဆပ်ခဲ့ကြတယ်၊တချို့ဟာမိမိတစ်ဦးတည်းခံစားမှုအတွက်ရယူခဲ့ကြတယ်။
တကယ် ချစ်တတ်လာတဲ့အခါ ယောင်္ကျားသားအားလုံးဟာ မိန်းမတစ်ယောက်အတွက် စွန့်လွှတ်ပေးဆပ်တန်ဖိုးထားမြတ်နိုးရင် လုံးဝ ချွတ်ယွင်းချက်မရှိ အနစ်နာ ခံခဲ့ကြတယ်၊တခါတရံကျွန်တော်တို့ယောင်္ကျားသားတွေဟာ မိန်းမတစ်ယောက်ကြောင့် ရူးသွပ်ခဲ့ဖူး ဘဝပျက်ခဲ့ဖူးကြတယ်။မိမိတစ်ဦးတည်း ခံစားမှုအတွက် ရယူခဲ့တဲ့ ယောင်္ကျားတချို့ကြောင့် တခြားယောင်္ကျားသားတွေ နာမည်ပျက်ခဲ့ရတယ်။
မိန်းမမာယာ သဲကိုးဖြာတဲ့ စဉ်းစားကြည့်ပါဦး တော်တော်ဥာဏ်များကြတာပဲ အင်းလေ ဒါဟာ သူတို့ရဲ့ မွေးရာပါ အတတ်ပညာပဲလေ။တခါတရံ ကျွန်တော်စဉ်းစားကြည့်မိတဲ့အခါ အဲဒီလို ဥာဏ်များ မြစ် ချောင်းတွေလို ကွေ့ကောက်ပြီး ကြောက်စရာလဲကောင်း သနားစရာလဲကောင်း မုန်းစရာလဲကောင်း ချစ်စရာလဲ ကောင်းတဲ့ မိန်းမတွေကိုပဲ ကျွန်တော်တို့ယောင်္ကျားတွေဟာ စုံမက်နေခဲ့ကြတာပဲ ဒါဟာ သဘာဝကြီးပဲလား အဲဒီ သဘာဝကြီးကို ပြင်လို့ရရင် ဘယ်လို ယောင်္ကျားသားတွေက ပြင်ကြမလဲ ။
အိမ်ထောင်သည် အမျိုးသားတွေဟာ ကိုယ့်ရဲ့ဇနီးမယားကို ချစ်ခင်စုံမက်လို့ ယူကြတာရှိသလို မနှစ်သက်ပဲ အကြောင်းအမျိုးမျိုးကြောင့် ယူခဲ့ကြတာတွေလဲရှိတယ် ဒါပေမဲ့ ထိုအိမ်ထောင်သည် အမျိုးသားတွေဟာ သူတို့ ဘာပဲလုပ်လုပ် ဘာပဲစားစား ဘယ်ကိုပဲသွားသွား သူတို့ဇနီးမယားကို တိုင်ပင်တတ် သတိရတတ် လွမ်းတတ်ကြတာပါပဲ ဒါကို တခြားသော ယောင်္ကျားသားတွေဟာ သူတို့ကို မ.ယ.က(မယားကြောက်)လို့စစနောက်နောက် ခေါ်ကြတယ် အဲဒီလို ခေါ်တာမကောင်းပါဘူးဗျာ ကျွန်တော်ကိုယ်တိုင် အိမ်ထောင်မပြုဘူးသေးပေမဲ့ လေ့လာမှုအရ ပြောရဲပါတယ်။
မိန်းမနဲ့ယောင်္ကျား အများကြီး ကွာပါတယ် အဲဒါကို အခွင့်အရေးယူပြီး မိန်းမတွေက ငါတို့က ယောင်္ကျားကို နိုင်တယ် ဆိုပြီး မထီမဲ့မြင် လုပ်ကြတယ် ယောင်္ကျားနဲ့မိန်းမ မတူဘူးနော် ဆီနဲ့ရေလို အများကြီး ကွာတယ် လာမယှဉ်နဲ့ အကုန်မှားသွားမယ် ဘဝပါ ပျက်သွားမယ် ဆူးပေါ်ပဲဖက်ကြကြ ဖက်ပေါ်ပဲဆူးကြကြ ဘာဖြစ်သွားမလဲ သတိထားပါ။
မိန်းမ မုန်းတီးရေး ဝါဒမဟုတ်ပါဘူး ယောင်္ကျားအချင်းချင်း မယားကြောက်လို့ခေါ်တဲ့သူတွေ ယောင်္ကျားတွေကို မတူမတန် ဆက်ဆံတဲ့ မိန်းမတွေအတွက်ပါ ယောင်္ကျားတစ်ယောက်က မိန်းမတစ်ယောက် ကိုကြောက်စရာလား ကျားသနားမှနွားချမ်းသာမှာပါ သူတို့မိန်းမသားတွေဟာ ယောင်္ကျားသားတွေကို မာယာနဲ့သာ ထိန်းချုပ် လှည့်ဖြား နိုင်တာပါ ကျွန်တော်တို့ ယောင်္ကျားတွေကတော့ မာယာရော အင်အားရော ဦးနှောက်ရော အဘက်ဘက်က အများကြီးသာတယ်ဆိုတာ သူငယ်ချင်းတို့ သဘောတူရင် လက်ခုပ်တီးပါ။


အန်(န်)စလင်း
18.12,2009 Malaysia

4 comments:

နေ့အိပ်မက် said...

မိန်းမက သဲကိုးဖြာဆို ယောင်္ကျားက မန်းကျည်းကိုးပင်တဲ့.. ဆူးနဲ့ဖက်ပုံပြင်က အတိတ်မှာကျန်ခဲ့ပါပြီ.. မစန္ဒာဝတ္ထုထဲကလိုပြောရရင် ခုခေတ်မှာ ဖက်ကြောင့် ကျိုးသွားရတဲ့ ဆူးတွေ အများကြီးပါ။ ယောင်္ကျားတစ်ယောက်က မိန်းမတစ်ယောက်ကိုကြောက်စရာလားလို့ မေးကြေးဆို မိန်းမတစ်ယောက်ကရော ယောင်္ကျားတစ်ယောက်ကို ကြောက်စရာလား။

အပေါ်မှာရေးထားတာက “မိန်းမမာယာ သဲကိုးဖြာတဲ့ စဉ်းစားကြည့်ပါဦး တော်တော်ဥာဏ်များကြတာပဲ”တဲ့။ အောက်မှာကျတော့ “ကျွန်တော်တို့ ယောင်္ကျားတွေကတော့ မာယာရော အင်အားရော ဦးနှောက်ရော အဘက်ဘက်က အများကြီးသာတယ်”တဲ့.. ဘယ်လိုနားလည်ရမလဲဟင်။

“ယောင်္ကျားကမကောင်းဘူး” “မိန်းမက ညံ့တယ်”ဆိုပြီး ပြောကြတာတွေ အဓိပ္ပာယ်မရှိတော့ပါဘူး။ လူတစ်ဦးချင်း တစ်ယောက်ချင်းနဲ့ပဲသက်ဆိုင်ပါတယ်။

နောက်ဆုံးပြောချင်တာက မယားကြောက်လို့ အခေါ်ခံရတဲ့ ယောင်္ကျားတွေက သူတို့ကျေနပ်လို့ မယားကိုချစ်ကြောင်း လူရှေ့မှာထုတ်ဖော်ပြနေတာပါ။ မိန်းမတွေလည်း ယောင်္ကျားကိုသည်းသည်းလှုပ်ပြရင် ပိုတယ်တို့ ဘာတို့အပြောခံရတာပဲမဟုတ်လား။

အန်(န်)စလင်း said...

အဲဒီလို အမြင်ရှိတဲ့သူတွေ အတိတ်ကဆူးနဲ့ဖက်ပုံပြင်ဟာ အခုထိ အသက်ဝင်နေဆဲဆိုတာကို မမေ့နဲ့ဦး ခင်ဗျားလေးကိုလည်း မကြောက်ခိုင်းပါဘူး အခုလို ဝေဖန်တာကို လက်ခံပါတယ်ဗျာနော နောက်လည်း လာရောက် ဝေဖန်ပါဦး

shwezinu said...

ကျွန်တော်တို့ ယောင်္ကျားတွေကတော့ မာယာရော အင်အားရော ဦးနှောက်ရော အဘက်ဘက်က အများကြီးသာတယ်ဆိုတာ သူငယ်ချင်းတို့ သဘောတူရင် လက်ခုပ်တီးပါ။

သြ အလွန်အင်မတန် တော်သော ယောက်ကျား များပါဘဲ ကျွတ်.ကျွတ်..ကျွတ်

အရင်တုန်းက သိပ်မသိဘူး

Unknown said...

ညီညီနိုင်ရေ တနင်္လာနေ့မနက်ဝင်းထွန်းတို့ ပြန်မယ်။
ဲငြိမ်းချမ်းလိုက်သွားလိမ့်မယ်၊ငါတော့နောက်နေ့မှပြန်ဖြစ်
မယ်ထင်တယ်၊ဘောလုံးကန်ဖြစ်သေးလား၊၊ မင်း ကိုဝင်း
နိုင်ကို ဒွေး ပေးဖြစ်လားတဲ့ ၀င်းထွန်းကမေးနေတယ်။
ငြိမ်းချမ်းကလည်း မင်းကိုသတိရတယ်ပြောတယ်။
ဒါပဲကွာ ငါပြန်လာခါနီးမှ ထပ်ပြောမယ်။

Search