Dec 18, 2009


လူ့ဘဝမှာ....

ခံစားမှုရသ အမျိုးမျိုးနဲ့ ဒီလောကကြီးထဲမှာ အားလုံးသောသူအပေါင်း ခံစားချက်ပေါင်းများစွာနဲ့ ဘဝကို ရင်ဆိုင်ဖြတ်သန်းလာခဲ့ကြတာ တချို့က ကျရှုံး တချို့က အောင်မြင် တချို့က ဆုံးရှုံးခြင်းမရှိ အောင်မြင်ခြင်းလည်းမရှိ တချို့က ဆုံးရှုံးပြီးမှအောင်မြင် တချို့က အောင်မြင်ပြီးမှဆုံးရှုံးနဲ့ ခရီးဆက်နေကြတယ်။ဒီအထဲမှ မမှားအောင် လမ်းမှားကိုမရောက်အောင် အားလုံးဟာ သုံးသပ်တွေးခေါ်ပြီး လျှောက်လှမ်းနေကြတာပါ။
ဘယ်သူဘယ်ဝါမျှ အမှားကိုမလိုချင် မလုပ်ချင်ကြဘူး။ဒါပေမဲ့ မမြင်ရတဲ့ ကံကြမ္မာ
ဝဋ်ကြွေးကြောင့် အမှားထဲရောက် အမှားထဲနစ်မြုပ်သွားခဲ့ကြသူတွေလည်း အများကြီး။
ဒါပေမဲ့ သူတို့တွေဟာ အဲဒီအမှားတွေထဲက ကြိုးစားပြီး ရုန်းထွက်ခဲ့ကြတယ်။
စာနာတတ်သူတွေက လက်ကမ်းကြိုလင့်ကြပေမဲ့ မစာနာတတ်သူတွေက အမှားနွံထဲကို
မရောက်ရောက်အောင် ပြန်ပို့ကြတယ်။ဒါဟာလည်း ဘဝရဲ့ဒုက္ခအစိတ်အပိုင်း တစ်ခုဖြစ်လို့
လက်မခံချင်လည်း လက်ခံရမှာပဲပေါ့။အဲဒီလို ဘဝထဲမှာ ကျွန်တော်တို့ဟာ အသိဥာဏ်
နဲ့ ပြည့်စုံတဲ့ လူသားဆိုတဲ့ သတ္တဝါအဖြစ်နဲ့ ဖြတ်သန်းနေကြတာပါ။လူပီသစွာနေထိုင်ကြ
တာပါ။
လူထဲကလူတွေထဲမှာတော့ မိမိကိုယ်တိုင်က အသွားအပြန်ရှိခဲ့သလား တစ်လမ်းတည်း
သွားတဲ့လူလား တစ်လမ်းတည်းပဲသွားတတ်တဲ့လူလား ပြန်သုံးသပ်ကြည့်ပါ။ဒါပေမဲ့ဗျာ
ဘုရားသခင်တောင် ဟောထားခဲ့တာပဲ လောကမှာ ကဲ့ရဲ့လွတ်သူမည်သူမျှမရှိတဲ့ ကဲ့ရဲ့ခြင်းဆိုတာ ရှေးအစဉ်အလာတစ်ခုပဲလို့ဟောထားခဲ့တယ်။ဒါကြောင့် ဘုရားသခင်
ဖန်ဆင်းပေးထားတဲ့ ဒီဘဒ္ဒကမ္ဘာ လောကကြီးထဲမှာ ဒုက္ခပေါင်းစုံ သောကပေါင်းစုံ သုခ
ပေါင်းစုံကို ရင်ဆိုင်ခံစားရင်း လူပီသစွာ နေထိုင်ကြပါစို့။
..... ...... ...... ....... ...... ...... ....... ...... ...... ....... ...... ....... ...... ...... ...... ...... ....

အန်(န်)စလင်း

No comments:

Search