Dec 24, 2009


"ဖြေလှည့်စေချင်"

ပထမဆုံး တွေ့ခဲ့ပေမဲ့
ဒုတိယမြောက် ဖြစ်သွားတဲ့ငါ
ဘာတွေကို ဂရုစိုက်နေရဦးမှာလဲ
.... .... .... .... .... .... .... ....
ဒုတိယမြောက် ဖြစ်ခဲ့ပေမဲ့
အရင်လူထက် ပိုချစ်တတ်တဲ့ငါ
မင်းအတွက်ပဲ ပေးဆပ်ချင်ခဲ့တာ
.... .... .... .... .... .... .... ....
အချစ်နဲ့အမုန်းရဲ့ ကြားကငါ
ဘယ်အရာဘက် ငါတိမ်းညွတ် သွားနိုင်သလဲ
မင်းဆုံးဖြတ်ပေးလှည့်ပါ
နောက်ဆုံးသောအဖြေဟာ....?

အန်(န်)စလင်း

2 comments:

မြတ်စုလှိုင် said...

ယောင်္ကျားလေးတွေဟာကိုယ်ချစ်တဲ့မိန်းကလေးရဲ့ရည်းစားဦးဖြစ်ချင်ပေမယ့်
မိန်းကလေးတွေဟာကိုယ်ချစ်တဲ့ယောင်္ကျားလေးရဲ့နောက်ဆုံးအချစ်ပဲဖြစ်ချင်ကြတယ။
်ဘာလို့လဲဆိုတော့နောက်ဆုံးအချစ်ဟာအချစ်ဆုံးလို့ယုံကြည်လို့ပဲပေါ့။
ပျော်ရွှင်ပါစေနော် :)

နေမိုးဝေ said...

ပိုင်စိုးဝေ ရဲ့ ကဗျာတစ်ပိုင်းတစကို သတိရမိတယ် အတိအကျတော့ မှတ်မိဘူး “ ပထမ မဖြစ်တဲ့ အခါ ဒုတိယဆိုတာ တတိယနဲ့ အတူတူ ပါ” တဲ့ စကားလုံးတော့ ကွဲမယ်ထင်တယ်။ ဒါပေမဲ့ ဒီအဓိပ္ပါယ် ပါပဲ။ သတိရမိလို့ပြောတာပါ။ ပျော်ရွှင်ပါစေ

Search