Dec 23, 2009


“သူသိပါစေ”

မြင်စေချင်လိုက်တာ.....
ခူးစွတ်မှ
ကြွေကျမယ်မှန်း သိပေမဲ့
မလှမ်းဝံ့ခဲ့တာပါ.....
အုံ့ပုန်းချစ် မဟုတ်ပါဘူး
အမုန်းနွံ နစ်မှာ စိုးလို့ပါ....
စေသမျှကျေ
နေစေက နေတာကလဲ
ပျော်စေချင်လို့ပါ.....
မမြင်တတ်တာလား
မနှင် ရက်တာလား
အကြင်ခက်လေသလား.....
မင်းရင်ထဲမှာ
ငါ့အတွက် နေရာ
မရှိမှာလဲ
စိုးကြောက်မိသူပါ.....
မဖွင့်ဟရဲသူကို
စွန့်ပစ်လို့ မသွားပါစေနဲ့လို့
တိတ်တခိုး ဆုတောင်းရင်း
ကြိတ်ပိုးဝေဒနာအပြည့်နဲ့
ငါ့ကို......
သူငယ်ချင်းလေးရယ်
မင်း မြင်စေချင်လိုက်တာကွယ်။ ။ ။ ။

အန်(န်)စလင်း

No comments:

Search