Dec 22, 2009


"ခရစ္စမတ် အလွမ်း"

သူငယ်ချင်းရေ ...
ဘုရားကျောင်းတော်က
ခေါင်းလောင်းသံ
မပြောင်းလဲသမျှ
ဘုရားသခင်ရှေ့မှောက်
ဒို့နှစ်ယောက်ရဲ့ ဆုတောင်းသံတွေ
မြန်မြန်ဆန်ဆန် ပျောက်ကွယ်မသွားပါဘူး ...။
ဘုရားကျောင်းတော်က
တေးသံတွေလွင့်ပြန့်နေသမျှ
ဒို့နှစ်ယောက်မေတ္တာ ပျက်ပြယ်ခြင်းမရှိပါဘူး ...။
ဘုရားကျောင်းတော်က
ဒီဇင်ဘာလ
“ ခရစ္စမတ်ည “ က
အမြဲတည်ရှိနေပေမဲ့
ဘုရားသခင် အလိုကျ
မင်းက ... ခရစ်တော်မှာ မှေးစက်လို့
အေးချမ်းနေခဲ့ပြီ ...။
သူငယ်ချင်းရေ ...
ဘုရားကျောင်းရဲ့ ခေါင်းလောင်းသံ
ဘုရားကျောင်းရဲ့ ဓမ္မတေးသံ
ဘုရားကျောင်းရဲ့ ဆုမွန်ခြွေသံတွေကို
ငါ့မှာ အဖော်ပြုလို့
ဘုရားသခင်ရှေ့မှောက်မှာ
မင်းအတွက် ငါ့ရဲ့ ဆုတောင်းသံများ
မင်းကြားခဲ့မယ်ဆိုရင်
ဒီဇင်ဘာလ “ ခရစ္စမတ် “ နေ့တိုင်းပါ
သူငယ်ချင်းရယ် ....။

အန်(န်)စလင်း
မှတ်ချက်။ တက္ကသိုလ်ကျောင်းသားဘဝက အမှတ်တရကဗျာစာအုပ် ထုတ်ဖြစ်တဲ့အထဲက ခရစ်ယာန်ဘာသာဝင် သူငယ်ချင်းတစ်ယောက်အတွက် ရေးဖွဲ့ထားတဲ့ ကဗျာတစ်ပုဒ်ပါ။

3 comments:

နွေဆူးလင်္ကာ said...

ခရစ်စမတ်ကဗျာဖတ်ပြီး မယ်ရီ ခရစ်စမတ်လို့ နှုတ်ဆက်ခဲ့ပါတယ်။

နေ့အိပ်မက် said...

မရေးတတ်လို့ လာဖတ်သွားတယ်နော်.. ကဗျာက ၀မ်းနည်းစရာ

ညလင်းအိမ် said...

အလွမ်းတွေကနေ
ပျော်ရွှင်သော ခရစ်စမတ် ဖြစ်ပါစေဗျာ...

Search